မင်္ဂလာပါ

ရောက်လာသူအားလုံး ဘေးမသီရန်မခ အသက်ထက်ဆုံး ကျန်းမားချမ်းသာပါစေ

ကဗျာများ

လွမ်းငွေ့ တစ်ဝေေ၀ တက္ကသိုလ်မြေ




(လွမ်းငွေ့ တစ်ဝေေ၀ တက္ကသိုလ်မြေ)


မြိတ်တက္ကသိုလ်မှာ

ပေါင်းဖော်လာခဲ့တဲ့


အပေါင်းအသင်း သူငယ်ချင်းတို့ရေ


ပူလောင်လှပါတဲ့ စိတ်မကြည်သာ


မြိတ်နယ်မြေမှာ သုံးနှစ်တာကာလ


ပညာသင်ကြပြီးခါမှ


အခုလိုခွဲရမယ်ဆိုတော့လည်း 


ဝမ်းနည်းမိတယ် ဘဝတစ်တွေ့မှာ


ခဏသာတွေ့ခဲ့ရပေမဲ့ ထာဝရမမေ့ပါဘူး


ရွှေဖြူပင်တွေဝန်းရံ ပါတဲ့


ငါတို့ကျောင်းတော်ကြီး 


ရှုမငြီးတဲ့ပေတစ်ရာလမ်း 


ငါတို့အခန်း (103) နှင့် 


စိန်ခြယ်ပင်အောက်က 'canteen'


 နောက်ပျင်းရင်မြင်ယောင်ကြည့်

အရမ်းလွမ်းမိမှာပါ

ကျောင်းတက်ချိန်ကာလစနောက်ကြနှင့်


ရသမျှအချိန်မှာ စကားပြောကြ


အတန်းလည်းမတက် 


စာကြည့်တိုက်သွားခဲ့ တဲ့ရက်တွေ


ဘယ်လိုလုပ်မေ့ရက်မလဲ


ကျောင်းတော်ကြီးသီချင်းသံလေး 


အဆောင်ရှေ့မှာညံလို့ 


ကျောင်းပိတ်ခါနီးမှာ


ကြားကြားရတာ စိတ်မရွှင်ပါ


သိပ်ခင်မင်တတ်လို့ပါ့


တစ်နယ်စီခြားကွာ ဝေးသွားလည်း


အမြဲယုံကြည် ကံမကုန်သရွေ့


ငါတို့ပြန်ဆုံတွေ့ကြဦးမယ်လေ


ကျောင်းပြီးလို့တစ်ပေါင်းတစ်စည်းတည်း 


မဖြစ်တော့ပေမဲ့


ကျောင်းပိတ်လို့ နောင်အတိတ်ကို


တွေးမိတိုင်း ကဗျာရူးစာရူး


ငါ့ကိုသာမင့်တို့ပြန်သတိရကြည့်


ငါအရမ်းကျေနပ်မိမှာပါ


ဝေးကွာသွားရင်လေ


နင့်တို့ငါ့ကိုသတိပဲရရ


မေ့ရင်လည်းမေ့နေကြ 


ငါကတော့လေအနာဂတ်မှာ


ကဗျာတွေစပ်ရင်း 


မင့်တို့ပျော်စေကြော
င်း အမြဲဆုတောင်းပေးနေမယ်


မှတ်ချက်။....Than Sin ရဲ့ကဗျာလေးကို ခံစားတင်ပြပေးလိုက်ပါတယ်

0 comments:

Post a Comment

 

Copyright @ 2013 ဗမာပြည်သား.