Home Ebook New Software
▼
ပိုမိုအရေးပါလာတဲ့ စမတ်ဖုန်း ဘက်ထရီ သက်တမ်း
ပိုမိုအရေးပါလာတဲ့ စမတ်ဖုန်း ဘက်ထရီ သက်တမ်း
-------------------------------------------------------
ဖုန်းတစ်လုံးကို ဘယ်လိုနည်းနဲ့ဝယ်ကိုင်နိုင်သည်ဖြစ်စေ ဖုန်းတစ်လုံးမှာပါဝင်တဲ့ ဘက်ထရီရဲ့အကြောင်း ဘက်ထရီတို့ရဲ့ သဘာဝကို ပထမအဆင့်အနေနဲ့သိထားအပ်ပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီကို သိုလောင်အားနဲ့တွက်ချက်ပါတယ်။ ပုံသေအားဖြင့် mAh (miliamphere hour) နဲ့ပြသပါတယ်။ mAh အနည်းအများအပေါ် မူတည်ပြီးတော့ ဘက်ထရီရဲ့ခံနိုင်ရည်အားကို တွက်ချက်ပါတယ်။ 880mAh ရဲ့ဘက်ထရီအားဟာ အနည်းဆုံး(၃) နာရီခံနိုင်စွမ်းရှိမယ်ဆိုရင် 1432mAh ရှိတဲ့ဘက်ထရီအားဟာ (၁၀)နာရီကျော်နီးပါးခံနိုင်စွမ်းရှိပါလိမ့်မယ်။
mAh နည်းလေဘက်ထရီခံနိင်စွမ်းလည်း လျော့ကျလေပါပဲ။ နောက်ထပ်အရေးကြီးတာကတော့ မထင်မှတ်တဲ့အကြောင်းအရာတွေကြောင့် ဖုန်းလွတ်ကျရင်လည်း ဖုန်းရဲ့ခံနိုင်ရဲ့ခံနိုင်ရည်အား လျော့ကျသွားနိုင်ပါတယ်။ ပြီးတော့ ဖုန်းဘက်ထရီတွေရဲ့ အတု၊ အစစ် ပြဿနာတွေကြောင့်လည်း ဘက်ထရီခဏလေးနဲ့ အားကုန်သွားတာကို ခံစားရနိုင်ပါလိမ့်မယ်။
ဈေးကွက်ထဲမှာ ဖုန်းအမျိုးအစားတွေ အများအပြားထွက်ရှိသလို ဖုန်းနဲ့အတူတူပါလာတဲ့ ဘက်ထရီတွေလည်း များပြားလှပါတယ်။ တချို့ကတော့ original ဘက်ထရီအမျိုးအစားတွေဖြစ်သလို တချို့ဘက်ထရီတွေကြတော့လည်း တန်ဖိုးနည်းပြီးရေရည်မခံတဲ့ တရုတ်လုပ်ဘက်ထရီတွေဖြစ်နေတတ်ပါတယ်။ ဖုန်းကိုင်မယ်ဆိုပြီး သွားဝယ်တာနဲ့ဖုန်းဆိုင်ကနေ ပြန်တော့မယ့်အချိန်မှာ မေးနေကြစကားတစ်ခွန်းရှိပါတယ်။ အဲတာကတော့ ဖုန်းကိုအချိန်ဘယ်လောက်ကြာအောင် အားသွင်းရမလဲဆိုတာပဲ။ ဖုန်းဆိုင်တွေအနေနဲ့ကလည်း အလွယ်တကူနဲ့(၂)နာရီ ဒါမှမဟုတ် (၄)နာရီဆိုပြီးလမ်းညွှန်တတ်ကြပါတယ်။ အဲဒီစကားဟာ ရောင်းသူက ၀ယ်သူကို အဆင်ပြေစေဖို့အတွက် ပြောလိုက်တဲ့စကားတစ်ခွန်း အဖြစ်ပဲရှိတာပါ။ တကယ်တမ်း ဖုန်းတစ်လုံးကိုဘယ်လောက် အားသွင်းရမယ်ဆိုတာကို သူတို့လည်းမသိကြပါဘူး ဒါကတော့ရှင်းပါတယ်။ ဖုန်းတစ်လုံးဟာ (၂) နာရီ အားသွင်းထားရုံနဲ့အားပြည့်သွားမယ်လို့မဆိုနိုင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုလောက်ထိတော့ အားသွင်းသင့်ပါတယ်။ အဓိကကတော့ ဖုန်းအားသွင်းထားတာတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ပါပဲ။ ဒါမှသာ အားသွင်းထားရင်း
မီးပျက်သွားတာတွေနဲ့ အချိန်လွန်တဲ့အထိ အားသွင်းထားတာတွေကို အချိန်မိသိရှိမှာပါ။ ပြီးတော့အားသွင်းတဲ့အချိန်မှာလည်း ပုံမှန်အတိုင်းဘက်ထရီကို ဖုန်းကနေမဖြုတ်ပဲ အားသွင်းတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ အခန့်မသင့်ရင်တောင် ဖုန်းထဲကတခြားအစိတ်အပိုင်းတွေကို ထိသွားနိုင်ပါတယ်။ အဲတာကြောင့် ဖုန်းအားသွင်းရင် ဘက်ထရီကို ဖြုတ်ပြီးတော့အားသွင်းစက်ကနေ သွင်းတာအကောင်းဆုံးပါပဲ။ တကယ်လို့ အဲလိုမလုပ်နိုင်ရင်လည်း ဖုန်းကိုခဏပိတ်ထားပြီးအားသွင်းပါ။ ဖုန်းကိုလည်းဖွင့်ထားမယ်။ USB ကြိုးကနေတိုက်ရိုက်လည်းအားသွင်းထားမယ်ဆိုရင် လူတစ်ယောက်အလုပ်တစ်ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်နေသလိုမျိုးဖြစ်သွားမှာကြောင့် တတ်နိုင်ရင် အားသွင်းတဲ့အလုပ်ကိုသာ ပြုလုပ်စေချင်ပါတယ်။ တစ်ခါတစ်ရံ မဖြစ်နိုင်တဲ့အချိန်မျိုးဆိုရင်တော့ သတိထားပြုလုပ်စေချင်ပါတယ်။ ဒါမှသာသင့်ဖုန်းရဲ့ဘက်ထရီဟာ ကြာရှည်ခံပါလိမ့်မယ်။ ပြီးတော့ ဘယ်လိုနည်းနဲ့အားသွင်းထားသည်ဖြစ်စေ၊ ဘက်ထရီကို အချိန်အကြာကြီးအားမသွင်းသင့်ပါဘူး။ လိုအပ်တဲ့ အချိန်အတိုင်းအတာတစ်ခုကိုသာသတ်မှတ်ပြီး အားသွင်းသင့်ပါတယ်။ အဲလိုမှမဟုတ်ရင် ဘက်ထရီဟာ ပုံမှန်ထက် အားသွင်းလွန်ခြင်းဖြစ်ပေါ်လာပြီး ခံနိုင်ရည်အားလျော့ကျကာ အကြိမ်ရေများလာတာနဲ့အမျှ ပျက်စီးသွားပါလိမ့်မယ်။
ဖုန်းကိုအားသွင်းလို့ပြီးတာနဲ့ အားဘယ်လောက်ထိရှိနေလဲဆိုတာကိုကြည့်ရတာကလည်း အာရုံနောက်စရာပါပဲ။ ဘာကြောင့်လဲဆိုရင် ဖုန်းအားသွင်းထားသူဟာ ဖုန်းထဲဘယ်လောက်အားဝင်နေလဲ ကြည့်ထားမှ သူသုံးစွဲမယ်အချိန်နဲ့ မှန်းဆပြောဆိုနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပါ။ အခုနောက်ပိုင်းထွက်ဖုန်းတွေမှာဆိုရင်တော့ phonearena လို ၀က်ဘ်ဆိုဒ်မျိုးမှာ ရှာဖွေကြည့်လိုက်တာနဲ့ ကိုယ်ကိုင်ဆောင်မယ့် ဖုန်းရဲ့ ဘက်ထရီအမျိုးအစားနဲ့ ဆက်တိုက်ပြောဆိုမယ်ဆိုရင် ဘယ်လောက်ခံနိုင်စွမ်းရှိမယ်၊ အသင့်အနေထားအတွက်ဆိုရင် ဘယ်နှစ်ရက်တော့ ခံနိုင်မယ်ဆိုတာတွေကို အသေးစိတ်ဖော်ပြထားတတ်ပါတယ်။ ဒါပေမဲ့ အစောပိုင်းထွက် java ဖုန်းတွေမှာဆိုရင်တော့ ဘက်ထရီအခြေပြဇယားကိုထောက်ပြမပေးထားနိုင်ပါဘူး။ စမတ်ဖုန်းတွေမှာဆိုရင်တော့ ဘက်ထရီအခြေပြဇယာနဲ့ပတ်သက်ပြီး အထောက်ကူဖြစ်စေတဲ့ application လေးတွေထည့်သွင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ဒီဆော့ဖ့်ဝဲတွေဟာ ဘယ်လောက်ကောင်းလဲဆိုရင် သင်ဘယ်လို application တွေကိုသုံးနေတဲ့အတွက် ဘယ်လောက်ဘက်ထရီအားကိုသုံးထားတယ်ဆိုတာကို အသေးစိတ်ဖော်ပြပေးပါတယ်။ ဒါဟာ OS ဖုန်းတွေနဲ့ java ဖုန်းတွေကြားက ကြီးမားတဲ့ကွာဟချက်လို့တောင်ဆိုနိုင်ပါတယ်။ ဒီအချိန်မှာ java ဖုန်းအသုံးပြုတဲ့သူ အနည်းအကျဉ်းလောက်ပဲရှိတော့တဲ့အတွက် တကယ်လို့ စမတ်ဖုန်းသုံးတဲ့သူဆိုရင် ဒီလိုဆော့ဖ့်ဝဲမျိုးတွေကို ဖုန်းထဲမှာထည့်သွင်းထားသင့်ပါတယ်။
သင်ဟာနေ့စဉ်နဲ့အမျှလုပ်ငန်းကိစ္စရပ်တွေ အတွက်ဖုန်းပြောဆိုနေရတဲ့သူတစ်ယောက်ဆိုရင်တော့ အရည်အသွေးကောင်းတဲ့ ဘက်ထရီတစ်လုံး အပိုဆောင်ထားသင့်ပါတယ်။ ဖုန်းလဲမှာထည့်သွင်းထားတဲ့ ဘက်ထရီတွေဟာ ဘယ်လောက်ခံနိုစွမ်းမြင့်မားတယ်ဆိုဆို ရုတ်တရက်မာကျောတဲ့အရာတွေအပေါ် ပြုတ်ကျသွားရင်တော့ ဘက်ထရီရဲ့အတွင်းပိုင်းမှာအနည်းငယ်သော ပျက်စီးမှု့တွေ စတင်လာပါလိမ့်မယ်။ တကယ်တမ်းအားသွင်းမယ်ဆိုတဲ့အချိန်ကြရင်လည်း ဖြစ်နိုင်ရင် အချိန်ပေးပြီးစောင့်ကြည့်ပေးပါ။ ဒါမှသာ ဖုန်းဘက်ထရီအား အရမ်းများသွားတဲ့ကိစ္စတွေမဖြစ်နိုင်တဲ့အပြင်ရုတ်တရက် မီးအားအနှိမ့်အမြင့်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘက်ထရီလောင်ကျွမ်း၊ ရှော့ခ်ဖြစ်ခြင်းတွေကိုလည်း ကာကွယ်နိုင်ပါလိမ့်မယ်။
Handset တွေရဲ့ သဘာဝက မာကျောခြင်းကိုဆောင်တဲ့အတွက်ကြောင့် သုံးစွဲတဲ့သူတွေဟာ ရုတ်တရက်ဖုန်းလွတ်ကျသွားရင်တောင် ဘာမှမဖြစ်နိုင်ဘူးလို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုသာအနည်းဆုံးအကြိမ်ရေ (၅) ကြိမ်ထက်မနည်း ပြုတ်ကျမယ်ဆိုရင် ဘက်ထရီရဲ့ခံနိုင်စွမ်းလျော့ပါးသွားတတ်ပါတယ်။ ဘက်ထရီရဲ့စွမ်းရည်ကလည်း နာရီပိုင်းလောက်သာ အသုံးခံပါလိမ့်မယ်။
2014 မှာထွက်ရှိလာတဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေဖြစ်တဲ့ Samsung, HTC, Huawei လို ဖုန်းမျိုးတွေမှာတော့ ဘက်ထရီရဲ့စွမ်းဆောင်ရည်ပိုင်းတွေ မြင့်တက်လာတဲအပြင် ဖုန်းရဲ့ကိုထည်ကိုလည်း အထူးတည်ဆောက်ထားတဲ့အတွက် ရုတ်တရက်လွတ်ကျသွားရင်တောင် အကြမ်းခံနိုင်စွမ်း မြင့်မားလာပါပြီ။ နောက်ဆုံးထွက်လာတဲ့ HTC One(M8) နဲ့ Huawei P7 ဖုန်းတွေမှာတော့ power saving mode လို့ခေါ်တဲ့ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းပေးလာတာကိုတွေံ့ရှိရပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေရဲ့လုပ်ဆောင်နိုင်စွမ်းကို အများဆုံးထိန်းညှိပေးတဲ့ စမတ်ဖုန်းတွေရဲ့ သက်တမ်းဟာလုံးဝအရေးပါလာပြီလို့ဆိုနိုင်ပါတယ်။..
No comments:
Post a Comment